Thursday, July 16, 2009

ရိုးသားလှသော လှတောသား လယ်သမားကြီး တစ်ယောက်သည် မလွဲမရှောင်သာသော အကြောင်းတစ်ခုကြောင့် ရုံးပြင်ကန်းနားသို့ရောက်လာလေသည်။ ထိုစဉ်အခါက ရုံးပြင်ကန်းနားမှာ ရိုးသားသော တောင်သူတောင်သား နားမလည်သော ဆင်းရဲသူ၊ ဆင်းရဲသားများကို မကူညီပေးကြောင့်မှန်းသိလျှင် နင်းပြီးခြောက်သည်။

ထို့ကြောင့် လှတောသားကြီးမှာ ရုံးမင်းရှေ့တွင် ဘာမျှ အစစ်မခံပေ။ ကျမ်းကိုင်ရုံကလေးနှင့် တုန်လှုပ်ချောက်ချားနေ၏။ ရှေ့နေများ အမှုလိုက်များ၏ မေးခွန်းကိုဖြေသောအခါ အထစ်ထစ် အငေါ့ငေါ့ဖြစ်နေ၏။

မေးသမျှဖြေဆိုပြီးသွားရွေ့ ရုံးပြင်ထွက်လာသောအခါ သူနှင့်ပါလာသော အဖော်များက ...

"ဇော်ချွေးပြန်နေတာက ရေတံလျှောက်က ကျတဲ့ရေလားမှတ်ရ"

ရုံးသို့ ကိတ်စအသီးသီးနှင့် ရောက်နေကြသော ပရိသတ်မှာ အုန်းကနဲ ရယ်ကြသည်။

ထိုအခါ နောက်တစ်ယောက်က ...

"အလိုလေး၊ တုန်နေပုံကလဲ မနှဲလေး ငှက်ဖျားတတ်နေသလား မှတ်ရ"

ပရိတ်သတ်ကြီး ရယ်မောနေရပြန်သည်။

0 comments: