Saturday, January 3, 2009
ပါဝင်သောပစ္စည်းများ
မြန်မာပြည်မှ လူရိုင်းခေါင်းတံဆိပ် (အထုပ်ပါကင် မိုးပြာရောင်)
အက်ဂါ အက်ဂါ ဂျယ်လီမှုန့် - ၂ထုပ်
အုန်းသီးစိမ်း - ၂ လုံး
သကြား - မက်ခွက်နှင့် ၁ ခွက်
ဆားနည်းနည်း
ပြုလုပ်နည်းများ
၁။ အုန်းစိမ်းရည်ကို အရင်ချိန်ပါ။ (၆)ခွက်မပြည့်လျှင် ပြည့်အောင်ရေရောပါ။ အုန်းသီးအသားကိုခြစ်ယူ၍ ပါးပါးလှီးပါ။
၂။ ဂျယ်လီမှုန့် (၂)ထုပ်ဖောက်ထည့်၍ သမအောင်မွှေပြီး ဆူသည်အထိ ကျိုပါ။ ဆူလာလျှင် နာနာမွှေ၍ အုန်းသီးအသားကို ရောကျိုလိုက်ပါ။ ပြီးလျှင် ဘန်းထဲသို့ လောင်းထည့်၍ အအေးခံပါ။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
ရွှေကြည်မှုန့် - ၁ဘူး (အုန်းနို့ဘူးနှင့်ချိန်ရန်)
အုန်းနို့ - ၂ဘူး
နို့စိမ်း - ၂ဘူး
သကြား - ၂ဇွန်း
ဆားအနည်းငယ်
ဆီအနည်းငယ်
ထောပတ်
သကြား (သကြားအညိုဖြင့်လည်းအသုံးပြုနိုင်ပါသည်)
ပြုလုပ်နည်းများ
၁။ ရွှေကြည်မှုန့်ကို အနီရောင်သန်းလာသည်အထိ လှော်ပေးပါ။
၂။ ကျန်သော ပါဝင်သည့်ပစ္စည်းများကို ရောပြီး သမအောင်မွှေ၍ မီးဖိုပေါ်တင်ပြီး ရွှေကြည်ပွလာသည်အထိ ကျိုပါ။ မတူးအောင် သတိထားပါ။
၃။ ဖုတ်မည့်ဘန်းမျက်နှာပြင်ကို ထောပတ်ဆီ ခပ်ထူထူသုတ်ပါ။ ကျိုပြီးသာရွှေကြည်ကို လောင်းထည့်ပြီး မျက်နှာပြင်ညှိ၍ ဘိန်းစေံဖြူးပါ။ အပေါ်မီး အောက်မီးနှင့်ဖုတ်ပါ။
(ကြက်ဥ (၅)လုံး၊ နွားနို့ (၁)ခွက် ထည့်ကျိုလျှင် မုန့်ပိုပွလာသည်။ နာနာခေါက်ပြီးမှထည့်ရန်။)
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
ကြက်ဥ (အကာမပါ) အနှစ် - အလုံး ၃၀
နို့ဆီ - ၁ဘူး (သို့) ၁.၅ ဘူး
နို့စိမ်း - ၂ဘူး
ဆားအနည်းငယ်
ပြုလုပ်နည်းများ
ပါဝင်သောပစ္စည်းများကို အားလုံးရောပြီး သမအောင်နာနာမွှေပါ။ ထောပတ်ခပ်ထူထူ သုပ်ထားသော ဘန်းထဲသို့ လောင်းထည့်၍ မျက်နှာပြင်နီလာသည်အထိ အပေါ်မီး အောက်မီးနှင့် ဖုတ်ပါ။ အောက်ဘက်မတူးစေရန် ပူတင်းဘန်းထက်ကြီးသော ဘန်းတစ်ခုထဲတွင် အောက်ခံရေအနည်းငယ်ထည့်၍ ဖုတ်လျှင် ပိုအဆင်ပြေပါသည်။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
Knox Gelatine - ၁၂ ထုပ်
နွားနို့ (၈) အောင်စ - ၁ခွက်
နို့ဆီ - ၁.၅ဘူး
နို့စိမ်း - ၂ဘူး
အုန်းနို့ - ၂ဘူး
Panada အနံ့အစိမ်းရောင် - ဘူးတစ်ဝက်
ဆားအနည်းငယ်
ပြုလုပ်နည်းများ
အားလုံးကိုသမအောင်မွှေပြီး ကျိုပါ။ ကျိုနေစဉ် မီးသိပ်မပြင်းပါနှင့်၊ အဆက်မပြတ်မွှေပါ။ မတူးအောင်သတိထားပါ။ ပွက်ပွက်ဆူလာလျှင် ဘန်းထဲသို့ လောင်းထည့်ပါ။ အအေးခံပါ။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
ပလောပီနံခြစ်ပြီးသား - ၂ထုပ်
Young Coconut အုန်းသီးမှုန့် - ၁ထုပ်
နို့ဆီ - ၁လုံး
အုန်းနို့ - ၁ဘူး
ကြက်ဥ - ၃လုံး
သကြားလိုသလောက် - ၂ခွက် (နို့ဆီထည့်လျှင် သကြားထည့်စရာမလို)
ထောပတ်အနည်းငယ်
ဆားအနည်းငယ်
ပြုလုပ်နည်းများ
ထောပတ်နည်းနည်း၊ ဆားနည်းနည်းဖြင့် သမအောင်မွှေ၍ ထောပတ်ဆီသုတ်ထားသော ဘန်းထဲသို့လောင်းထည့်ပြီး အပေါ်မီး အောက်မီးနှင့် ဖုတ်ပါ။ (ကြက်ဥ ၂လုံးထည့်မွှေပါ။) ကြက်ဥမထည့်လျှင် စီးစီးလေးစားနိုင်သည်။ ကြက်ဥထည့်လျှင် ပွသည်။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
သာကူစေ့ - ၁ ထုပ်
သကြား - ၁.၅ ခွက်
Knox အမှုန့် - ၄ ထုပ်
အုန်းနို့ - ၂ ဘူး
ဆားအနည်းငယ်
ပြုလုပ်နည်းများ
၁။ မတ်ခွက်(၈) အောင်စခွက်နှင့် ရေ(၅)ခွက်ကို Knox အမှုန့် (၂) ထုပ်နှင့်ရော၍ဆူအောင်ကျိုပါ။ ရေဆူလျှင် သာကူစေ့ကိုဖောက်၍ သကြားနှင့်ကျိုပ်။ မွှေပါ။
၂။ မျက်ဆံအနည်းငယ်ကျက်လျှင် ဘန်းထဲသို့လောင်းထည့်၍ မျက်နှာပြင် ညီအောင်ညှိလိုက်ပါ။
၃။ အုန်းနို့ (၂) ဘူးကိုဖောက်၍ သကြားအနည်းငယ်၊ ဆားအနည်းငယ် ထည့်၍ကျိုပါ။ ပွက်ပွက်ဆူလာလျှင် သာကူမျက်နှာပြင်ပေါ်သို့ လောင်းချ၍ အုန်းနို့မျက်နှာပြင်ပေါ်သို့ သကြားအနည်းငယ်တောက်ပြီး အပေါ်မီးနှင့် ခဏမီးပြလိုက်ပါ။ သကြားစက်လေးများ တူးရောင်ပေါ်လာလျှင် ပြီးပါပြီ။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
သီးမွှေးငှက်ပျောသီး - ၁၀လုံး
သကြား - ၁.၅ ခွက်
ဆန်မှုန့် - ၁ ခွက်
လိပ်ပြာတံဆိပ် PANDA ငှက်ပျောဆီလိုသလောက်
အနံ့အနီရောင်
ဆားအနည်းငယ်
ဘိန်းစေ့အနည်းငယ်
အုန်းနို့ - ၁ ဘူး
ဲပြုလုပ်နည်း
အားလုံးသမအောင် ရောမွှေ၍ ဆီသုတ်ထားသော ဘန်းထဲသို့ လောင်းထည့်၍ဖုတ်ပါ။ မျက်နှာပြင်ကိုဘိန်းစေ့ဖြူးပါ။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ
ပါဝင်သောပစ္စည်းများ
ဂျုံ - ၁ ခွက် (၈-အောင်စခွက်) (ဆန်မှုန့်နှင့်လည်း အသုံးပြုနိုင်ပါသည်။)
ရေ - ၂ ခွက်
Brown Sugar - ၁ ခွက်
(ပြာရည်) ဇွန်းကြီး - ၁ ဇွန်း
လုပ်ပုံလုပ်နည်း
ရောမွှေ၍ ဘန်းထဲသို့လောင်းထည်းပြီး ပေါင်းအိုးနှင့် ပေါင်းပါ။
Labels: မြန်မာ့သရေစာမုန့်လုပ်နည်းများ