Saturday, January 3, 2009

ပါဝင်သောပစ္စည်းများ
ရွှေကြည်မှုန့် - ၁ဘူး (အုန်းနို့ဘူးနှင့်ချိန်ရန်)
အုန်းနို့ - ၂ဘူး
နို့စိမ်း - ၂ဘူး
သကြား - ၂ဇွန်း
ဆားအနည်းငယ်
ဆီအနည်းငယ်
ထောပတ်
သကြား (သကြားအညိုဖြင့်လည်းအသုံးပြုနိုင်ပါသည်)

ပြုလုပ်နည်းများ
၁။ ရွှေကြည်မှုန့်ကို အနီရောင်သန်းလာသည်အထိ လှော်ပေးပါ။
၂။ ကျန်သော ပါဝင်သည့်ပစ္စည်းများကို ရောပြီး သမအောင်မွှေ၍ မီးဖိုပေါ်တင်ပြီး ရွှေကြည်ပွလာသည်အထိ ကျိုပါ။ မတူးအောင် သတိထားပါ။
၃။ ဖုတ်မည့်ဘန်းမျက်နှာပြင်ကို ထောပတ်ဆီ ခပ်ထူထူသုတ်ပါ။ ကျိုပြီးသာရွှေကြည်ကို လောင်းထည့်ပြီး မျက်နှာပြင်ညှိ၍ ဘိန်းစေံဖြူးပါ။ အပေါ်မီး အောက်မီးနှင့်ဖုတ်ပါ။
(ကြက်ဥ (၅)လုံး၊ နွားနို့ (၁)ခွက် ထည့်ကျိုလျှင် မုန့်ပိုပွလာသည်။ နာနာခေါက်ပြီးမှထည့်ရန်။)

0 comments: