Saturday, January 3, 2009

ကြက်ဥပူတင်း

ပါဝင်သောပစ္စည်းများ
ကြက်ဥ (အကာမပါ) အနှစ် - အလုံး ၃၀
နို့ဆီ - ၁ဘူး (သို့) ၁.၅ ဘူး
နို့စိမ်း - ၂ဘူး
ဆားအနည်းငယ်

ပြုလုပ်နည်းများ
ပါဝင်သောပစ္စည်းများကို အားလုံးရောပြီး သမအောင်နာနာမွှေပါ။ ထောပတ်ခပ်ထူထူ သုပ်ထားသော ဘန်းထဲသို့ လောင်းထည့်၍ မျက်နှာပြင်နီလာသည်အထိ အပေါ်မီး အောက်မီးနှင့် ဖုတ်ပါ။ အောက်ဘက်မတူးစေရန် ပူတင်းဘန်းထက်ကြီးသော ဘန်းတစ်ခုထဲတွင် အောက်ခံရေအနည်းငယ်ထည့်၍ ဖုတ်လျှင် ပိုအဆင်ပြေပါသည်။

0 comments: