Saturday, January 3, 2009

သာကူပြင်

ပါဝင်သောပစ္စည်းများ
သာကူစေ့ - ၁ ထုပ်
သကြား - ၁.၅ ခွက်
Knox အမှုန့် - ၄ ထုပ်
အုန်းနို့ - ၂ ဘူး
ဆားအနည်းငယ်

ပြုလုပ်နည်းများ
၁။ မတ်ခွက်(၈) အောင်စခွက်နှင့် ရေ(၅)ခွက်ကို Knox အမှုန့် (၂) ထုပ်နှင့်ရော၍ဆူအောင်ကျိုပါ။ ရေဆူလျှင် သာကူစေ့ကိုဖောက်၍ သကြားနှင့်ကျိုပ်။ မွှေပါ။
၂။ မျက်ဆံအနည်းငယ်ကျက်လျှင် ဘန်းထဲသို့လောင်းထည့်၍ မျက်နှာပြင် ညီအောင်ညှိလိုက်ပါ။
၃။ အုန်းနို့ (၂) ဘူးကိုဖောက်၍ သကြားအနည်းငယ်၊ ဆားအနည်းငယ် ထည့်၍ကျိုပါ။ ပွက်ပွက်ဆူလာလျှင် သာကူမျက်နှာပြင်ပေါ်သို့ လောင်းချ၍ အုန်းနို့မျက်နှာပြင်ပေါ်သို့ သကြားအနည်းငယ်တောက်ပြီး အပေါ်မီးနှင့် ခဏမီးပြလိုက်ပါ။ သကြားစက်လေးများ တူးရောင်ပေါ်လာလျှင် ပြီးပါပြီ။

0 comments: